သဲကုန်းမြို့နယ်တွင် တားမြစ်ပိတ်ပင်ထားသည့် ဆေးဝါးများနှင့် ခွင့်ပြုထားသည့်ဆေးဝါးများ လိုင်စင်ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

သဲကုန်း မေ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စျေးကွက်အတွင်း ရောင်းချလျက်ရှိသော မြန်မာတိုင်းရင်းဆေးဝါးများ၊ တားမြစ်ပိတ်ပင်ထားသည့် ဆေးဝါးများနှင့် ခွင့်ပြုထားသည့် ဆေးဝါးများလိုင်စင်ရှိ/မရှိ၊ သက်တမ်းရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သဲကုန်းမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေး​အေး​မော်နှင့် တာဝန်ရှိသူများက အများပြည်သူသုံးစွဲရန်မသင့်ဟုကြေညာထားသော မြန်မာတိုင်းရင်းဆေးများ၊ ထုတ်လုပ်ခွင့်လိုင်စင်မရှိသော တိုင်းရင်းဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/ မရှိ၊ ဆေးဆိုင်များတွင် ရောင်းချ လျက်ရှိသော မြန်မာတိုင်းရင်းဆေးဝါး/ဆေးပစ္စည်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ကောင်းမွန်သော ဆေးဝါးရောင်းချမှုနှင့် သိုလှောင်မှုရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တရားမဝင်၊ သက်တမ်းလွန်၊ လိုင်စင်မဲ့ဆေးများ ရောင်းချခြင်းမပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုကျော်(သဲကုန်း)