ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဒဂုံတောင် မေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး မြိုနယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ယာဉ်စည်းကမ်း၊ လမ်းစည်းများလိုက်နာရေး၊ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာခြင်းဖြင့် မှုခင်းဖြစ်ပွားမှုလျော့နည်းလာမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများ မဖွင့်လှစ်ခင် သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးငန်းများ၊ စက်သုံးဆီများ ဝယ်ယူမှုအဆင်မပြေပါက တင်ပြပေးကြပါရန်၊ မေ ၁၄ ရက်နေ့မှစ၍ လူကူးမျဉ်းကြားမှ လမ်းကူးကြရန်၊ ဆက်သွယ်ရေးရှုတ်ထွေးကြိုးများ ရှင်းလင်းရေး၊ KTV အပါအဝင် စင်တင်တေးဂီတဆိုင်များ အထောက်အထားမရှိဘဲ ဖွင့်လှစ်မှုမရှိရေး စသဖြင့် ပညာရေး၊ကျန်းမာရေး လူမှုရေးကိစ္စများ လမ်းညွှန်ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူလုထုလိုအပ်ချက် ဆောင်ရွက်ပေးမှုများနှင့် ဆောင်ရန်၊ ရှောင်ရန်များ ဆွေးနွေးပြောကြားပြီး တက်ရောက်လာ ဌာနဆိုင်ရာများက ပညာရေး၊ ကျန်းမားရေး၊ အားကစား၊ ဒေသတွင်းသန့်ရှင်းသာယာရေး၊ ကျောင်းအပ်နှံရေး၊ ပြည်သူ့စကားဝိုင်းများကျင်းပရေး စသည့်လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပချုပ်ရေးမှူး ဦးစန်းလွင်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြောင်းနှင့် အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။

နေမျိုးအောင်