ကျောက်ဆည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးကြို၊ မိုးနှောင်းကာလများတွင် ချည်မျှင်ရှည်ဝါများတိုးချဲ့၍ လျာထားစိုက်ပျိုးလျက်ရှိရာ မိုးနှောင်းချည်မျှင်ရှည်ဝါ (၁၀၇၆၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
ချည်မျှင်ရှည်ဝါများစိုက်ပျိုးရာတွင် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်စခန်းမှ သံရွာ၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများနှင့် သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းမှ ဖျောက်ဆိပ်ပင်၊ ရွာသစ်၊ ရေသရောက်၊ ချောင်းဆုံ၊ သရက်ပင်၊ ရဲ၊ ကြောင်၊ ကြက်သားဟင်း၊ သင်္ဂတုံ၊ ကလေး၊ မှိုင်းပန်၊ ရဲဘော်ကြီး၊ ရှမ်းတောင်ဦး၊ ကုလားကျောင်း၊ အရှေ့သာဂရ၊ ပြည်တော်သာ ကျေးရွာအုပ်စုများတွင် မိုးနှောင်းချည်မျှင်ရှည်ဝါ(၁၀၇၆၇)ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ဝါတစ်ဧက စိုက်ပျိုးမည်ဆိုပါက မြေပြုပြင်ခြင်းကုန်ကျစရိတ် (၁၉၅,၀၀၀)ကျပ်၊ အပင်ပြုစုခြင်း (၂၀၁၆,၀၀)ကျပ်၊ သွင်းအားစုကုန်ကျစရိတ်(၄၅၀,၅၀၀)ကျပ် စုစုပေါင်း(၈၄၇,၁၀၀)ကျပ် ဝန်းကျင်ကုန်ကျစရိတ် ရှိကြောင်းနှင့် ကျောက်ဆည်မြို့နယ်အနေဖြင့် ဝါသီးနှံများစိုက်ပျိုးရာတွင် ဒေသနှင့်ကိုက်ညီသည့် ရွှေတောင် (၁၀)၊ ရွှေတောင်(၈)နှင့် ငွေချည်(၆) ချည်မျှင်ရှည်ဝါများကို အဓိကစိုက်ပျိုးပြီး ဝါသီးနှံများ အောင်မြင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများ စနစ်ကျကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)