ဟုမ္မလင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

ဟုမ္မလင်း ဧပြီ   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဧပြီ (၃)ရက်နေ့၊ မွန်းတည် (၁၂)နာရီအချိန်က ဟုမ္မလင်းမြို့နယ်သံဃနာယကအဖွဲ့ရုံးတွင် စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ဟုမ္မလင်းမြို့နယ်၌ အစိုးရပါဠိ ပထမပြန်ဖြေဆိုရာတွင် အခြေပြုမူလတန်း ရဟန်း(၄)ပါး၊ သာမဏေ(၂၂)ပါး၊ သီလရှင်(၆)ပါး စုစုပေါင်း(၃၂) ပါး၊ ပထမငယ်တန်း ရဟန်း(၁)ပါး၊ သာမဏေ (၇)ပါး၊ စုစုပေါင်း (၈)ပါးနှင့် ပထမလတ်တန်းမှ ရဟန်း(၁)ပါး၊ စုစုပေါင်း(၄၁)ပါးဖြစ်ပြီး၊ အဆိုပါပထမပြန်စာမေးပွဲကို ဧပြီလ(၃)ရက်နေ့မှဧပြီလ (၈)ရက်နေ့အထိ ဝိနည်းကျင့်ဝတ်၊ သုကုမာရ မဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဒွေမာတိကာစသည့်ဘာသာရပ်အလိုက် ဖြေဆိုကြမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စာမေးပွဲဖြေဆိုစဥ်အတွင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဝင်များ၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ဒေသခံအလှူရှင်များမှ နေ့စဥ်ဆွမ်းကွမ်းဝေယျာဝစ္စများနှင့် လုံခြုံရေး၊ ကျန်းမာရေးကိစ္စရပ်များကို  ဖြည့်ဆည်းပံ့ပိုးလှူဒါန်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)