သတင်းများ

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်း
Apr 02,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင့်ခဲ့သော သံဃာတော်များနှင့် သီလရှင်များအား အောင်လက်မှတ်နှင့် စာအောင်ဆုငွေ ဆက်ကပ်လှူဒါန်းပွဲကို မဟာတိလောကရာမစာသင်တိုက် လေးထပ်ကျောင်းဆောင်၌ ဧပြီ(၁)ရက် နေ့လယ်(၁)နာရီတွင် ကျင်းပခဲ့ရာ မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များ၊ စာအောင်သံဃာနှင့် သီလရှင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်သည်။
ချောင်းသာမြို့ တောင်သာယာကွန်ကရစ်လမ်းသစ်၌ အန္တရာယ်ကင်းပရိတ်တရားတော်နာပွဲကျင်းပ
Apr 02,2024
ဧရာဝတီတိုင်း‌ဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (ကွန်ကရစ်)ခင်းခြင်း ဆောင်ရွက်ပြီးစီး ခဲ့သည့် တောင်သာယာလမ်းနှင့် သုဿာန်အတက်လမ်းတို့အား အန္တရာယ်ကင်းပရိတ် တရားတော်နာပွဲကို ယမန်နေ့ညနေ ၃ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်(၁၀:၀၀)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဆေးကုသကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည့် ဒဏ်ရာရတောဆင်ရိုင်းအထီး သေဆုံး
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျွန်းလျားကြီး ကျေးရွာအုပ်စု၊ တောင်ထန်းကျေးရွာ (ဒေသခေါ်)အောက်ပုတ်သင်ချောင်းအတွင်း တောဆင်ရိုင်းအထီး၏ လည်ဂုတ်အပေါ်ယာဘက်တွင် ထိခိုက်ဒဏ်ရာတစ်ခုရရှိခဲ့ပြီး ၎င်းနေရာမှ ဘတ်တီးရီးယားပိုးဝင်ရောက်၍ (Septicemia) သွေးအဆိပ်သင့်ခြင်းကြောင့် အားပြတ်လဲကျနေသဖြင့် မြန်မာ့သစ်လုပ်ငန်း EERU မှ ဆင်ဆရာဝန် ဦးလင်းလင်းထွန်း ဦးဆောင်သောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းဝန်ထမ်းများနှင့် သစ်တောဝန်ထမ်းများမှ အမြန်ဆုံးပြန်လည်သက်သာလာစေရန်လိုအပ်သည့် ဆေးဝါးများဖြင့် မတ်လ ၂၅ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ဆေးကုသကြပ်မတ် စောင့်ကြည့်ပေးနေစဉ် မတ်လ ၃၀ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်က သေဆုံးသွားခဲ့ရသည်။
မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ကဗျာရေးစပ်နည်း လမ်းညွှန်သင်တန်းဖွင့်လှစ်
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်  မြို့နယ်စာနယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ကဗျာရေးစပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
လင်းခေးတွင် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ဆောင်ရွက်
Apr 02,2024
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာ ရင်းအင်းဦးစီးဌာန အမည်အား (၁-၄-၂၀၂၄) ရက်နေ့မှစ၍ မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဆိုင်းဘုတ်တင်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်မြေစာရင်းဦးစီးဌာနရုံး တာဝန်ရှိသူတို့က အဆိုပါရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သာပေါင်းမြို့နယ် မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများက ပရိတ်တရားတော်နာယူကြည်ညိုပြီး ဆိုင်းဘုတ်တင် အခမ်းအနားကျင်းပ
Apr 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြေစာရင်းဦးစီးဌာန၊ ဝန်ထမ်းမိသားစုများက ပရိတ်တရားတော်များနာယူကြည်ညိုကြပြီး ဆိုင်းဘုတ်တင်အခမ်းအနားကို ယမန်နေ့ဧပြီလ ၁ ရက်နေ့၊ နံနက် ၆ နာရီအချိန်က စတင်ကျင်းပခဲ့ကြသည်။
မိုင်းဖြတ်မြို့နယ်၌ ပန်းအလှထိုးနည်း အ​ခြေခံ ရက်တိုသင်တန်းဖွင့်လှစ်
Apr 02,2024
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ​နွေရာသီပန်းအလှထိုးနည်းအ​ခြေခံရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။