လင်းခေး ဧပြီ ၂
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာ ရင်းအင်းဦးစီးဌာန အမည်အား (၁-၄-၂၀၂၄) ရက်နေ့မှစ၍ မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဆိုင်းဘုတ်တင်အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက မြို့နယ်မြေစာရင်းဦးစီးဌာနရုံး တာဝန်ရှိသူတို့က အဆိုပါရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆိုင်းဘုတ်တပ်ဆင်စိုက်ထူပွဲအခမ်းအနား မပြုလုပ်မီ ဆရာတော်သံဃာတော်များထံ အရုဏ်ဆွမ်းဆက်ကပ်ခြင်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ ဆက်ကပ်လှူဒါန်းခြင်း၊ ပရိတ်တရားတော်နာယူခြင်းနှင့် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ နံနက် ၈ နာရီခွဲအချိန်တွင် ကြေးတိုင်နှင့်မြေစာရင်းဦး စီးဌာနဆိုင်းဘုတ်အား လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မြေစာရင်းဦးစီးဌာနမှူး ဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများက စုပေါင်းစိုက်ထူခဲ့ကြပြီး၊ မြို့နယ်ဦးစီးမှူးကဆိုင်းဘုတ်အား အမွှေးနံ့သာရည်ပက်ဖြန်းပေးကာ အခမ်းအနားကို ရုတ်သိမ်းလိုက်သည်။
အခမ်းအနားသို့ တပ်နယ်(လင်းခေး)မှ တပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့်မြို့နယ်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လင်းခေး(ခရိုင်၊ ပြန်/ဆက်)