မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ကဗျာရေးစပ်နည်း လမ်းညွှန်သင်တန်းဖွင့်လှစ်

မိတ္ထီလာ ဧပြီ  ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်  မြို့နယ်စာနယ်စာရေးဆရာအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ကဗျာရေးစပ်နည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ တင်တော်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် ၊ သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများနှင့် သင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်မည့်အကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်) မှ ကျင်းပသော ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အ.လ.က(ဝန်ဇင်း) G4 မှ မောင်ဘုန်းခန့်ထည်အား ဂုဏ်ပြုဆုကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ ကဗျာရေးစပ်နည်းလမ်းညွှန်သင်တန်းကို ဧပြီလ ၁ ရက်နေ့မှ ၅ ရက်နေ့အထိဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၇ ဦး တက်ရောက်ကြောင်းသိရသည်။

ချမ်းသာ