မင်းလှမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာပါဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပါဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

အထက်မင်းလှ ဧပြီ ၂၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ ပါဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပါဋ္ဌာန်းသိမ်း အောင်ပွဲနှင့်ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ညနေ (၄) နာရီက ရုံးရပ်ကွက် မြောက်ပိုင်း ၊သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ကြွရောက်တော်မူသော ဆရာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်တို့က နမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ရတနာသံဖြူ ကျောင်းဆရာတော်ထံမှငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ထို့နောက်အောင်‌ဗောဓိ ကျောင်းဆရာတော်အရှင်သူမြတ်မှ ရေစက်သွန်းချ တရားဟောကြားတော်မူပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကျေးဇူးတင် စကားလျှောက်ထားခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပါဋ္ဌာန်းသိမ်းအောင်ပွဲသို့ ကြွရောက်တော်မူသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိသတ်တို့က ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆိုခဲသည်။

ဆက်လက်၍  မြို့နယ်လုံးဆိုင်ရာပါဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ပါဋ္ဌာန်းသိမ်းအောင်ပွဲသို့ ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီးသီးရှိအလှူရှင်များက ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ၊ အလှူငွေများအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့သည်။

အဆိုပါ မြို့နယ်လုံးဆိုင်ရာပါဋ္ဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုဧပြီ (၁၇) ရက်နေ့မှ (၂၁) ရက်နေ့ထိ (၅) ရက်တိုင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)