စဉ့်ကူး ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၅)နာရီခွဲအချိန်က စတင်ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
စဉ့်ကူးမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယခုလအတွက်ပင်စင်ထုတ်ယူမည့် အငြိမ်းစားဝန်ထမ်း ပင်စင်စားဦးရေ (၁၁၅၇)ဦးရှိရာ e-pension Smart Card ဖြင့်ထုတ်ယူသူ (၁၀၉၁)ဦးနှင့် Manual ဖြင့် ထုတ်ယူသူ (၆၆)ဦးရှိပြီး ထိုသို့ပင်စင်ထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရန် အုပ်စုများခွဲကာ သတ်မှတ်ရက်များတွင် အလှည့်ကျ ထုတ်ပေးလျက်ရှိကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ထုတ်ယူသူများအား စနစ်တကျ စိတ်အေးချမ်းသာစွာ ထုတ်ယူနိုင်စေရန်နှင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့်လည်း မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း၊ လစဉ်လတိုင်း (၂၁)ရက်နေ့မှ စတင်၍ ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက် သတ်မှတ်ထားသောအချိန်များတွင် နေ့စဉ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ငြိမ်းချမ်းဝင်း(ပြန်/ဆက်)