ကျိုက်လတ်၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်းဆိုင်းဘုတ်တပ်ပွဲ အခမ်းအနား ကျင်းပ

ကျိုက်လတ် ဧပြီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်း ဆိုင်းဘုတ်တပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်က အမှတ်(၃)ရပ်ကွက်၊ ကန်တော်ကြီးလမ်းရှိ မြို့နယ်မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးကျော်သူလင်းတို့က မြို့နယ်ရုံးဆိုင်းဘုတ်အား ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။

အဆိုပါဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးကျော်သူလင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများအသီးသီး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ်(ပြန်/ဆက်)