ငွေဆောင်မြို့တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ ဆိုင်းဘုတ်အသစ်တင်ခြင်း အခမ်းအနားကျင်းပ

ငွေဆောင် ဧပြီ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်   လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲသတ်မှတ်ခြင်းအတွက် ပရိတ်တရားနာယူခြင်း၊ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူခြင်း၊ ဆိုင်းဘုတ်အသစ်တင်ခြင်းတို့အား ယနေ့နံနက်ပိုင်းက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ငွေဆောင်မြို့၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဦးစီးမှူးဦးအောင်ဇော်မင်းနှင့် ဝန်ထမ်းများမှ သံဃာတော်()ပါးပင့်ဖိတ်၍ ပရိတ်တရားနာယူကာ အာရုဏ်ဆွမ်းနှင့် ခဲဖွယ်ချိုချဥ်များ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလည်း မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ ထို့နောက် ယခင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနဆိုင်းဘုတ်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အမည်ရှိဆိုင်းဘုတ်အသစ်အား ပြောင်းလဲတပ်ဆင်ကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

R – 014

(ငွေဆောင်)