ညောင်တုန်း ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်း၍ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးသန်းလွင်က ရှေးဦးပြုစုခြင်းသင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ ကြက်ခြေနီအကြောင်း သိကောင်းစရာများနှင့် ကြက်ခြေနီ အသင်းဖြစ်ပေါ်လာပုံများကို ရှင်းလင်းပြောကြား၍ သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
အဆိုပါ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူးမင်းသူအောင် ဦးဆောင်၍ သင်တန်းနည်းပြများက သင်တန်းသား/သူများအား ရှေးဦးပြုစု နည်းစနစ်များကို စာတွေ့၊ လက်တွေ့သရုပ်ပြသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)