ပုဗ္ဗသီရိ ဧပြီ ၁
ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံအားကစားသင်တန်းများဖြစ်သည့် ဘောလုံးအားကစားနှင့် မြန်မာ့သိုင်းပညာသင်တန်းများကို ယနေ့နံနက်ပိုင်းတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အားကစားသင်တန်းများကို နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချစေရန်၊ ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာစေရန်၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ကိုယ့်ကိုယ်ကို ခုခံကာကွယ်နိုင်စေရန်၊ ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးလျက်ရှိရာ၊ ကျည်တောင်ကန်၊ အခြေခံပညာအထက်တန်းကျောင်းမှ ဘောလုံးအားကစားနည်းသင်တန်း တက်ရောက်သူ(၅၀)ဦး၊ မြန်မာ့သိုင်းသင်တန်းတက်ရောက်သူ (၅၀)ဦး၊ စုစုပေါင်း (၁၀၀)ဦး တက်ရောက်လျက်ရှိပြီး၊ နည်းပြနှစ်ဦးဖြင့် မတ်လ ၁၉ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့ထိ ၊ နံနက် ၇နာရီခွဲ မှ ၈ နာရီခွဲထိ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)