ဝိုင်းမော် ဧပြီ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများသည် မဟာသင်္ကြန်ကာလ (နှစ်ဆန်းတစ်ရက်နေ့) သက်ကြီးပူဇော်ပွဲအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က ဝိုင်းမော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းက မဟာသင်္ကြန်ကာလ (နှစ်ဆန်းတစ်ရက်နေ့)တွင် ဝိုင်းမော်မြို့နယ်အတွင်း လူမျိုးဘာသာမရွေးအသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမတွင် မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲ ကျင်းပမည်ဖြစ်ပြီး သင်္ကြန်အတက်နေ့နံနက်ပိုင်းမှစ၍ နှစ်ဆန်းတစ်ရက်နေ့နံနက်ပိုင်းအထိ ဆရာတော်သံဃာတော်များမှ ပရိတ်တရားတော် ရွတ်ဖတ်သရဇ္ဈယ်မည်ဖြစ်ကြောင်း၊ ဧည့်ခံကျွေးမွေးရေးတို့အတွက် အလှူရှင်များက ပါဝင်လှူဒါန်းပေးမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ တက်ရောက်ခဲ့သည်။
ဖြူစင်