သတင်းများ

အရာတော်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်းအခမ်းအနားကျင်းပ
Apr 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ဧပြီလ ၃ ရက် နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ဆရာစံခန်းမတွင် ကျင်းပပြုလုပ်သည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Apr 04,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန့်ဘလူမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Apr 04,2024
သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက်မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ပထမနေ့ (မူ-ဝိနည်းကျင့်ဝတ်၊ သုကုမာရမာရမဂ္ဂဒီပနီ၊ ငယ်- ဘိက္ခုပါတိမောက်/ဓမ္မပဒ၊ လတ်- ဒွေမာတိကာ/ဓမ္မပဒ၊ ကြီး- ဒွေမာတိကာ/ ဓမ္မပဒ) ဘာသာရပ်များကို စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ကျုံပျော်မြို့တွင် နွေရာသီအားကစားသင်တန်းဆင်းပွဲပြုလုပ်
Apr 04,2024
နွေရာသီအားလပ်ရက်တွင် ကလေးများ အပန်းပြေစေရန်၊ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍  ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ယောနသံကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် နွေရာသီအားကစားသင်တန်းဆင်းပွဲကို ကျုံပျော်မြို့တေဇရပ်ကွက်ရှိ ယောနသံကိုယ်ပိုင် အထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်လေယာဥ်ကွင်းပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Apr 04,2024
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ဧပြီ(၂)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲက   ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ လေယာဥ်ကွင်းပြေးလမ်း တိုးချဲ့ဆောင်ရွက်နေမှုကိူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်ခန်းမတွင် လေယာဥ်ကွင်းပြေးလမ်းနှင့်ပတ်သက်၍ ဗိုလ်မှူးသိန်းလွင်မှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်လေယာဥ်ကွင်း ခြံစည်းရိုးကာရံထားမှုတို့ကို ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေယာဥ်ကွင်းပြေးလမ်းနှင့် အုတ်တံတိုင်းကာရံထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မက်မန်းမြို့၌ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏ အသင်းဝင်ကဒ်နှင့် ရင်ထိုးတံဆိပ်ပေးအပ်ပွဲ ကျင်းပ
Apr 04,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့တွင် ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၏ အသင်းဝင်ကဒ်နှင့် ရင်ထိုးတံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က မက်မန်းမြို့ ကွန်ဟောင်းကျေးရွာခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းရယ်၌ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်စီမံကိန်းကျေးရွာများ သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Apr 04,2024
မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ် မြို့နယ်အဆင့်စီမံကိန်းကျေးရွာများ သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နတ်မောက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကွင်းဆင်းစစ်ဆေး
Apr 04,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မြို့မစည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းအိမ်ရာနှင့် ဈေးအတွင်းရှိ ဆိုင်ခန်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။