ကျုံပျော် ဧပြီ ၄
နွေရာသီအားလပ်ရက်တွင် ကလေးများ အပန်းပြေစေရန်၊ ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ယောနသံကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် နွေရာသီအားကစားသင်တန်းဆင်းပွဲကို ကျုံပျော်မြို့တေဇရပ်ကွက်ရှိ ယောနသံကိုယ်ပိုင် အထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) မန်းမြင့်ကြယ်က အဖွင့်အမှာစကား ပြောကြားပြီး၊ အားကစားနှင့်ယာယပညာဦးစီးဌာနဦးစီးမှူး ဦးဝင်းနိုင်က သင်တန်းဖွင့်လှစ်ခဲ့မှုနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ အေရိုးဗစ်စသည့် အားကစားသင်တန်း အသီးသီးတွင် တက်ရောက်ခဲ့ကြသည့် သင်တန်းသားများထံသို့ သင်တန်းဆင်း လက်မှတ်များပေးအပ်ကာ ထူးချွန် အားကစားသမားများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းကို မေလ ၅ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး၊ ယောနသံကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၉၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)