အရာတော်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်းသဘင်းအခမ်းအနားကျင်းပ

အရာတော် ဧပြီ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ဧပြီလ ၃ ရက် နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၊ ဆရာစံခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် တောကျောင်းကြီးဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ပြီး ၂၀၂၃-ခုနှစ်တွင် အောင်မြင်ခဲ့သော ပထမငယ်တန်း (၁) ပါး၊ အခြေပြုမူလတန်း (၃) ပါးတို့ကို စာအောင်လက်မှတ်နှင့် နဝကမ္မဝတ္ထုငွေတို့ကို တာဝန်ရှိသူတို့က ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဦးရေဝတထံက ရေစက်သွန်ချ အမျှဝေသည်။

ဆက်လက်ပြီး ၂၀၂၄-ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်ရာ ပထမငယ် တန်းတွင် (၄) ပါး၊ အခြေပြုမူလတန်းတွင် (၃) ပါး စုစုပေါင်း(၇)ပါး ဖြေဆိုလျက်ရှိကြောင်း သိရသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွဋ်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)