သံဖြူဇရပ်မြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ပြည်သူများအား နေ့စဥ်ရေဂါလံ (၄၅၀၀၀) ခန့် သွားရောက်လှူဒါန်းပေးလျက်ရှိ

သံဖြူဇရပ် ဧပြီ ၁၅

 မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေပြတ်လတ်မှုမရှိစေရေး အခက်အခဲရှိနေသည့် ပြည်သူများအား နေ့စဥ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌  ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မြို့နယ်ရေပေးဝေရေးကော်မတီ မြို့မိမြို့ဖများ၊ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေဖြင့် နေ့စဥ်ရေပေးဝေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဥ် (၂)စီး၊ မီးသတ်ယာဥ် (၁)စီး၊ ပုဂ္ဂလိကယာဥ် (၁)စီး၊ ခလရ(၆၂)ယာဥ် (၁)စီး စုစုပေါင်းရေသယ်ယာဥ် (၅)စီးတို့ဖြင့် ဧပြီ ၁၅ ရက်နေ့တွင် ရေဂါလံ (၄၅၅၀၀)အား အမှတ် (၃၁)ခြေလျင်တပ်ရင်းအဝီစိတွင်းမှ ရေရှားပါးသည် ရပ်ကွက်၊ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ သွားရောက်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်ထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)