ဟိုပုံး ဧပြီ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာတို့၏ နှစ်သစ်မင်္ဂလာအခါသမယဖြစ်သော သင်္ကြန်အကြတ်နေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ရေပက်ခံလည်ပတ်သူများ၊ ရေကစားကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ဟိုပုံးမြို့နယ်တွင် နှစ်သစ်ကူးသင်္ကြန်ကာလ ဘုန်းတော်ကြီးကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ကြပြီး မဟာသင်္ကြန်မဏ္ဍပ်ကြီးတွင် ယိမ်းအကအလှများ၊ အဆိုတော်များ၊ ဒီဂျေများဖြင့် ရေကစားသူများ ပျော်ရွှင်စွာရေကစားနေမှုအား ဟိုပုံးတပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းနိုင်နှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် အဖွဲ့ဝင်များ ဟိုပုံးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဆီဆိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက အမွှေးနံ့သာရည်များပက်ဖျန်းပြီးနောက် ယိမ်းအကအလှများ၊ အဆိုတော်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)