မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်တွင် ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်

မန္တလေး ဧပြီ ၂၅

အောင်မြေသာစံခရိုင်၏ ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်များပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၄လမ်း၊ ၆၄/၆၅ လမ်းကြားရှိ ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အောင်မြေသာစံခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး အောင်မြေသာစံခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်ဦးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌများအား စီမံကိန်းတာဝန်များ ပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက တက္ကသိုလ်/ကောလိပ်များ၊ ဌာနဆိုင်ရာများအား စီမံကိန်းတာဝန်များ အသီးသီးပေးအပ်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ ပြန်/ဆက်)