ဒလ ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီတွင် တောင်သူများ စိုက်စနစ်မှန်ကန်စေရေးနှင့် အထွက်နှုန်းတိုးတက်ရေးအတွက် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် စိုက်ပျိုးနည်းများအား နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ညောင်ငုတ္တိုကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးအောင်နိုင်မိုးက စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးရေးဆိုင်ရာနည်းပညာများကို Power Point ဖြင့်ရှင်းလင်းဆွေးနွေးခဲ့သည်။ထို့နောက် တက်ရောက်လာသော တောင်သူများမှ သိလိုသည်များအား မေးမြန်းဆွေးနွေး၍ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါနည်းပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးရွှေလှိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူ(၁၀၀)ဦး တက်ရောက်ခဲ့ကြသည်။
မြင့်ဇော် (ပြန်/ဆက်)