ညောင်ဦး ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာကြမည့် တိုင်းဒေသကြီးများနှင့်ပြည်နယ်အသီးသီးမှ ကျောင်းသားကျောင်းသူများ တည်းခိုနေထိုင် စားသောက်မှုများအစဉ်ပြေချောမွေ့စေရေးတို့အတွက် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ ယနေ့နံနက် ၈ နာရီအချိန်ကသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
ပုဂံလူရည်ချွန်စခန်းသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှလူရည်ချွန် ကျောင်းသား ကျောင်းသူများရောက်ရှိလာပါက နေရာထိုင်ခင်းချထားမှု၊ ကျန်းမာရေးကိစ္စများ၊ နေထိုင်စား သောက်ရေးစီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ ဆောင်ရွက်ထားရှိမှု အဆင်ပြေစွာဖြင့် လူရည်ချွန်ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးနှင့် ခရီးစဉ်အတွင်း ဒေသန္တရဗဟုသုတများရှာဖွေဖော်ထုတ်မှတ်သားနိုင်စေရန်အတွက် ကြီးကြပ်သူဆရာ/ဆရာမ (၁၆)ဦးနှင့်အတူ လူရည်ချွန်ကျောင်း သား/သူ (၁၄၀)ဦးတို့ ရောက်ရှိလာချိန်တွင် လူရည်ချွန်စခန်း၌နေထိုင်စဉ်အတွင်း လူရည်ချွန်ကျောင်းသားကျောင်းသူများ အစားအသောက် အပါအဝင် ကျန်းမာရေး ဆိုင်ရာကိစ္စရပ်များစီစဉ်ဆောင်ရွက်ထားရှိမှုတို့အား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့ နယ်စီမံအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးရာ ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာနနှင့်မြို့နယ်အခြေခံပညာဦးစီးဌာန၊ သက်ဆိုင်ရာဌာနဆိုင်ရာများက စီစဉ်ဆောင်ရွက်ထားရှိမှုတို့အားရှင်း လင်းတင်ပြကြရာ တာဝန်ရှိသူများကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း