ကျောက်ကြီး မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများနှင့် မြို့မစျေးတို့တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများ စာသင်ကျောင်းသို့ ရောက်ရှိနိုင်ရေးအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီးပညာရေးမှူးရုံးက ထုတ်ဝေသည့် ကျောင်းအပ်နှံရေးနှိုးဆော် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံး မြို့နယ်ရုံးဝန်ထမ်းများက ဌာနပိုင်သုံးဘီးမော်တော်ယာဥ်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာအုပ်စုများကို လှည့်လည်ပြီး အသိပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)