ညောင်ဦး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Sep 22,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲက ခရိုင်ပြည်သူ့အားကစားကွင်းတွင်ကျင်းပရာ ပြိုင်ပွဲကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် အဖွဲ့ဝင်များ၊က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။