မြန်မာနိုင်ငံကြက်ခြေနီအသင်းက သာစည်မြို့နယ် ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား ပံ့ပိုးငွေပေးအပ်
Sep 23,2025
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းက မန္တလေးငလျင်ကြီးဘေး တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးပံ့ပိုးမှုအစီအစဉ်ဖြင့် ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား ပံ့ပိုးငွေ ပေးအပ်ခြင်းကို စက်တင်ဘာ ၂၃ ရက်က အမှတ်(၇)ရပ်ကွက် နဘဲရွှေထီးဘုရားဝင်း၌ ကျင်းပရာ ရပ်ကွက်ကျေးရွာအုပ်စု ခြောက်အုပ်စုမှ ငလျင်ဘေးသင့်အိမ်ထောင်စု ၂၈၆ စုတို့အား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၄၀၀၀၀၀ ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။