ချောက်မြို့နယ်၌ ပြည်သူများအား မျက်စိကျန်းမာရေး (အခမဲ့)ကုသဆောင်ရွက်ပေး

ချောက် မေ ၂၀

မ​ကွေးတိုင်းဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ပြည်သူများအား မျက်စိကျန်းမာရေးနှင့် မျက်စိအတွင်းတိမ်ရောဂါ (အခမဲ့)စစ်ဆေးကုသခြင်းကို ချောက်မြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာဆောင်းမို့မို့ဝင်း အဖွဲ့ခေါင်းဆောင် မျက်စိခွဲစိတ်အထူးကုဆရာဝန် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဒေသကြီး(၁)နှင့် ဝန်ထမ်းများက ယမန်‌နေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၌ ကြီးနီစံပြကျေးရွာရှိ ပြည်သူများအား ချောက်မြို့နယ် ပြည်သူ့ဆေးရုံအထူးကု ပြင်ပလူနာဌာန၌ မျက်စိကျန်းမာရေး စစ်‌ဆေးကုသဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ မျက်စိကျန်းမာရေးကုသဆောင်ရွက်ပေးရာတွင် ဒေါက်တာဆောင်းမို့မို့ဝင်း အဖွဲ့ခေါင်းဆောင် မျက်စိခွဲစိတ်အထူးကုဆရာဝန်နှင့် ဝန်ထမ်းများက မျက်စိကျန်းမာရေးအတွက် လာရောက်ပြသသည့် ကြီးနီစံပြကျေးရွာရှိ ပြည်သူများကို မျက်စိကျန်းမာရေး စစ်ဆေးဆောင်ရွက်ခြင်း၊ မျက်စိပါဝါအတွက် မျက်မှန်နှင့်ဆေးဝါးများအား ပေးအပ်လူနာ(၁၆)ဦး၊ မျက်စိအတွင်းတိမ်ရောဂါအတွက် ခွဲစိတ်ရမည့်လူနာ(၁၁)ဦး စုစုပေါင်း လူနာ(၂၇)ဦးအား အခမဲ့မျက်စိကျန်းမာရေးစစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး (ပြန်/ဆက်)