ဟုမ္မလင်း မေ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ကာလအတွင်း တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် မွေးမြူရေးအသိပညာပေးခြင်း၊ ကျွဲ၊ နွားများအား ကာကွယ်ဆေးအခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့ညနေပိုင်းက ကွင်းဆင်းဆောင်ရွက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာ၌ ဟုမ္မလင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခင်စန္ဒာဝင်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအား တစ်ပိုင်တစ်နိုင် အခြေခံမွေးမြူမှုနည်းစနစ်များ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ၊ အစာကျွေးမွေးမှုနည်းစနစ်များအကြောင်း အသိပညာပေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါက်တာစန္ဒာဝင်းနှင့် ဝန်ထမ်းများက လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးကို ကျွဲ၊ နွား အကောင်ရေ (၅၀၀)ခန့်နှင့် ဒေါင့်သန်းရောဂါကာကွယ်ဆေးကို ကျွဲ၊ နွား အကောင်ရေ (၃၀၀)ခန့်အား အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)