ပေါက်ခေါင်း မေ ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမကဏ္ဍမှ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသော နွေစပါးစိုက်ခင်းအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမကဏ္ဍမှ ပေါက်ခေါင်းမြို့နယ်သမဝါယမဦးစီးဌာနအနေဖြင့် ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တစ်ဧကလျှင် ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းဖြင့်ညီမျှသော မျိုးနှင့်သွင်းအားစုများပံ့ပိုးရယူဆောင်ရွက်လျက်ရှိသည့် ဝက်တိုးကျေးရွာ အသင်းသားတောင်သူ ဦးသိန်းဦး၏ လယ်မြေတွင် စိုက်ပျိုးထားသော ရေဆင်းပေါ်ဆန်း-၂ စပါးစိုက်ခင်းဖြစ်ထွန်းနေမှုအား မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်သူဦးနှင့်တာဝန်ရှိသူများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)