မောက်မယ်မြို့နယ်၌ ရိုးရာဓလေ့(လွယ်ဝေါ်ကျောက်တောင်ပူဇော်ပသပွဲ) ကျောက်တောင်းပွဲ ကျင်းပ
Jun 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နမ့်လွတ်ကျေးရွာအုပ်စုအရှေ့ဘက်ရှိ ဂေါ်ဒန်ကျောက်တောင်(လွယ်ဝေါ်ကျောက်တောင်နတ်ပူဇော်ပသပွဲ) ကျောက်တောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ ရှေးဟောင်းမောက်စံဘုန်းတော်ကြီးကျောင်း ဂေါ်ဒန်ကျောက်နတ်စင်တွင် နှစ်စဉ်နယုန်လပြည့်နေ့ရောက်တိုင်း တစ်နှစ်တစ်ကြိမ် ကျောက်တောင်းပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။