သတင်းများ

ပခုက္ကူမြို့နယ် လူမှုဖူလုံ‌ရေးရုံး၌ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေး
Jul 05,2024
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
သရက်မြို့၌ စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယနေ့ နံနက် (၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ခရိုင်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ် စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ​ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မူလတန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖြူးမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး
Jul 05,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြုးမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမတွင် ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလေးဝမြို့ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 05,2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာအခြေခံသင်တန်း (၄/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ
Jul 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏‌ထောက်ပံ့လမ်းညွှန်မှုနှင့် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၄/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
စေတုတ္တရာမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်မှုများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Jul 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်၌ ရေကြီးမှုများနှင့် သဘာဝဘေးအတွက်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆီမီးချောင်းတံတားအရှေ့ရေပြင်တွင် ရေဘေးရှာ‌ဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန (ဝန်ထမ်းအိမ်ရာ) သို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်၍ ငှားရမ်းပေး
Jul 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့်ဝန်ထမ်းများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက အင်းစိန်မြို့နယ်၊ အကျဉ်းဦးစီးဌာန (ဝန်ထမ်းအိမ်ရာ) သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။