ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာအခြေခံသင်တန်း (၄/၂၀၂၄) ဆင်းပွဲ အခမ်းအနားကျင်းပ

ကလေး ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏‌ထောက်ပံ့လမ်းညွှန်မှုနှင့် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၄/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဇွန်လ ၁၀ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီအတွင်း သင်တန်းသား၊ သင်တန်းသူ ၅ ဦးကို Microsoft Word၊ Microsoft Excel၊ Microsoft PowerPoint စသည့် ကွန်ပျူတာဘာသာရပ်များကို လေ့ကျင့်သင်ကြားပေးခဲ့‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)