ပခုက္ကူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်းခွင်ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်နှင့် ကျန်ရစ်သူ အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူမှုဖူလုံရေးရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ပခုက္ကူမြို့နယ် လူမှုဖူလုံရေးရုံးမှ ရုံးခွဲတာဝန်ခံ ဒေါ်ယဉ်ယဉ်ထွေးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက အာမခံအလုပ်သမား ဒေါ်တင်ဇာဝင်းပြည့် (CONSUMER GOODS MYANMAR LIMITED)၏ လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုအတွက် နာရေးစရိတ်ငွေကျပ် ၅၈၄၆၄၀ နှင့် ကျန်ရစ် သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းကျပ် ၄၃၂၀၀၀၀ ၊ စုစုပေါင်းငွေကျပ် ၄၉၀၄၆၄၀/- (ကျပ်လေးဆယ့်ကိုးသိန်းလေးထောင်ခြောက်ရာလေးဆယ်တိတိ)ကိုခင်ပွန်းဖြစ်သူ ဦးစိုးမင်းဦးထံ ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)