ဖြူး ဇူလိုင် ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြုးမြို့နယ်၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ခန်းမတွင် ကျန်းမာရေးဝန်ထမ်းများမှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ဖြိုးဖြိုးသိန်းနှင့် ကျန်းမာရေးဝန်ထမ်းများသည် အသည်းရောင်အသားဝါ(ဘီ)၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှော၊ အဆုတ်ရောဂါ၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)- ဦးနှောက်အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများကို မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများအား အသက်အပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးလျက်ရှိပြီး အပတ်စဉ်သောကြာနေ့တိုင်း ရပ်ကွက်/ကျေးရွာအလိုက်အဖွဲ့ခွဲ၍ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)