စေတုတ္တရာမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြလေ့ကျင့်မှုများနှင့် သဘာဝဘေးကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

စေတုတ္တရာ ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်၌ ရေကြီးမှုများနှင့် သဘာဝဘေးအတွက်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆီမီးချောင်းတံတားအရှေ့ရေပြင်တွင် ရေဘေးရှာ‌ဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးကြိုတင်ဇာတ်တိုက်လေ့ကျင့်မှုများကို ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးရှိန်းမင်းထက်ဦးဆောင်၍ သန္ဓေ+အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဘေးကယ်ဆယ်ရေးသရုပ်ပြအဖြစ် ရေဘေးသင့်ပြည်သူများအား လုပ်ငန်းသုံးပစ္စည်းများဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများ သရုပ်ပြဆောင်ရွက်ခြင်း၊ ရှေးဦးပြုစုခြင်းများနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက ကူညီဆောင်ရွက်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ဝင်းအိမွန် (ပြန်/ဆက်)