ကလေးဝမြို့ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ နံရံကပ်စာစောင်ပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကလေးဝ ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ နံရံကပ်စာစောင်များပြသခြင်းနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးရာဇာဝင်းက ဇီဝမျိုးဆုံမျိုးကွဲများအ‌ကြောင်း၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးဖိုးဆောင်းက သစ်တောသစ်ပင်များအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးက စားသုံးရန်မသင့်သော စားသောက်ကုန်ပစ္စည်းများနှင့် စားသုံးသူအခွင့်အရေးဆိုင်ရာများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက ကလေးအလုပ်သမား အဓိပ္ပါယ် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက် (၃)ရပ်အကြာင်း သိကောင်းစရာများ စသည်တို့ကို အသိပညာပေးဟောပြောခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဦးကျင်လျန်နန်က အသိပညာပေးဟောပြောပွဲများ ပြုလုပ်ပေး၍ ပညာရေးဌာနကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အသိပညာပေးဟောပြောပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး ပြသထားသော နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)