မြင်းခြံ ဇူလိုင် ၃
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြင်းခြံမြို့နယ် သမဝါယမဦးစီးဌာနမှ မြင်းခြံမြို့ အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား အာဟာရများ ကျွေးမွေးခြင်းကို ယမန်နေ့ နေ့လယ် (၁) နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။
“၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြင်းခြံမြို့နယ် သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်းပြီး မြင်းခြံမြို့ အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်းမှာရှိတဲ့ ကျောင်းသား/ကျောင်းသူများကို အာဟာရဒါနအဖြစ် ရွှေရင်အေးများကို ကျွေးမွေးခြင်းဖြစ်ပါတယ်” ဟု မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က ပြောသည်။
အဆိုပါ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အာဟာရများ ကျွေးမွေးခြင်းအား ကျောင်းသား/ကျောင်းသူ (၁၅၀) ဦးအား ကျွေးမွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)