ကျိုင်းတောင်း ဇူလိုင် ၃
ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင့် (၃.၇.၂၀၂၄) ရက်နေ့ နေ့လယ် (၁၀) နာရီခွဲ အချိန်၌ ကျိုင်းတောင်းမြို့ နယ်မြေခံရဲစခန်းနှင့် ပြန်ကြားရေနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ ဝန်ထမ်းများစုပေါင်း၍ ကျိုင်းတောင်းမြို့အတွင်း လူကုန်ကူးမှု ပပျောက်စေရေး၊ လူကုန်ကူးမှုဆိုင်ရာ အသိပညာ အကြားအမြင်များ တိုးပွားစေရေး ရည်ရွယ်ချက်ဖြင့် အ.မ.က (လုံကောင့်)ကျောင်း၌ ကျိုင်းတောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြေားပွဲတွင် ရှေးဦးစွာ ကျိုင်းတောင်းပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုင်းသီဟထွန်းက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူကုန်ကူးမှု ပပျောက်စေရးကို အလေးပေးဟောပြောပေးခဲ့သည်။ ထို့နောက် ကျိုင်းတောင်းနယ်မြေခံ ရဲစခန်းမှ စခန်းမှုး ရဲအုပ်ဝင်းထွဋ်ဝင်း က လူကုန်ကူးခံရလျှင် ကြုံတွေနိုင်သည့် ဆိုးရွားသော အဖြစ်အပျက်များ၊ လူကုန်ကူးခံရဖူးသူတို့၏ ပြန်လည်ပြောကြားသော စကားသံများ၊ လူကုန်ကူးမခံရစေရန် သတိထားသင့်သော အရာများ၊ အကယ်၍ မိမိကိုယ်တိုင်သော်လည်ကောင်း မိမိသူငယ်ချင်းသော်လည်ကောင်း လူကုန်ကူးခံရလျှင် (သို့မဟုတ်) တစ်စုံတစ်ယောက်၏ ဖမ်းစီးခြင်းခံလျှင် လုပ်ဆောင်သင့်သည့် အရာများ မိမိကိုယ်ကို လွတ်မြောက်စေရေးနှင့် နီးဆက်ရာ ရဲစခန်းဌာနတို့ကို အသိပေး စေရေးတို့ကို အဓိကထား၍ ဟောပြောခဲ့သည်။
ထို့နောက် ကျိုင်းတောင်းနယ်မြေခံ ရဲစခန်းမှ စခန်းမှုး ရဲအုပ်ဝင်းထွဋ်ဝင်းမှ လူကုန်ကူး မခံရစေရေး၊ လူကုန်ကူးမှု ပပျောက်စေရေးနှင့် မိမိတို့ပတ်ဝန်းကျင်ရှိ မသင်္ကာစရာသူစိမ်း တွေ့ရှိပါက နီးစက်ရာ လူကြီးမိဘများသို့ အသိပေးရန်တို့ကို နိဂုံးချုပ် ဟောပြောခဲ့ကြောင်း သိရသည်။
ကိုကို(ပြန်/ဆက်)