ကမာရွတ်မြို့နယ်တွင် အ​ခြေခံပညာ​ကျောင်းများနှင့် ပုဂ္ဂလိကိုယ်ပိုင်​ကျောင်းများရှိ ​ကျောင်းသား ကျောင်းသူများကို ကျန်းမာ​ရေး​စောင့်​ရှောက်မှုများ ဆောင်ရွက်​ပေး

ရန်ကုန် ဇူလိုင် ၃

ရန်ကုန်တိုင်း​ဒေသကြီး၊ ကမာရွ​တ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယ​နေ့နံနက်ပိုင်းက​ကျောင်းကျန်းမာ​ရေး​စောင့်​ရှောက်မှုများ စစ်​ဆေးခြင်းများကို ကိုယ်ပိုင်အထက်တန်းကျောင်းများသို့ မြို့နယ်​ကျောင်းကျန်းမာ​ရေးကော်မတီဝင်များမှ လိုက်လံစစ်​ဆေးခဲ့ပါသည်။

အဆိုပါမြို့နယ်​ကျောင်ကျန်းမာ​ရေး​ကော်မတီသည် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူး​ပေါင်းကာ မြို့နယ်အတွင်းရှိ အ​​ခြေခံပညာကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်​ကျောင်းများသို့ သွား​ရောက်၍​ ကျောင်းသား​ကျောင်းသူမျာအား ကျောင်းကျန်းမာ​ရေးကွင်းဆင်း​ဆောင်ရွက်​ပေးမည်ဖြစ်ပါသည်။

ကမာရွတ်မြို့နယ်အတွင်းရှိ အထက်တန်း​​ကျောင်း(၆)​ကျောင်း၊ အလယ်တန်း​ကျောင်း(၁)​ကျောင်း၊ မှုလတန်း​ကျောင်(၁၆)​ကျောင်း၊ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်း​ကျောင်း(၇)​ကျောင်းနှင့် ဘုန်တော်ကြီးသင်​ကျောင်း(၁)​ကျောင်းတို့ကိုလဲ ​ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်​ကြောင်း သိရပါသည်။

မြို့နယ် (ပြန်ဆက်)