မိုင်းဆတ် ဇူလိုင် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား)ဒေါ်အိအိခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အားကစားဆိုင်ရာများ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာကြည်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများသည် အချိန်မရွေးနေရာမရွေးဖြစ်ပွားနိုင်ကြောင်း၊ အကြမ်းဖက်မှုသည် လူတစ်ဦးတစ်ယောက်၏ ဘဝဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နှောင့်နှေးစေရန်ပြုမှုသည့် အရာမှန်သမျှကို အကြမ်းဖက်မှုဟုခေါ်ဆိုကြောင်း အသိပညာပေးပြောကြားခဲ့ကြသည်။
ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား)ဒေါ်အိအိခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးမြင့်တင်တို့က အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ထွေးက လက်ခံရယူခဲ့သည်။
ထို့နောက် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အမှတ်စဉ်(၆)မှ သင်တန်းသူများကို Fitness Dance အကသင်ကြားပေးခဲ့ပြီး အခမ်းအနားသို့ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာကြည်၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ခိုင်ထွေးက ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) ဒေါ်အိအိခိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မိမိခိုင်နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
မြင့်မောင်