(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို  ဆောင်းပါး၊ စာစီစာကုံး၊ ကဗျာရွတ်ဆိုနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ပုဗ္ဗသီရိ ဇူလိုင် ၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းနှင့် အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းတို့၌ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဆောင်းပါး၊ စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ အာဇာနည်နေ့နှင့်ပတ်သက်သည့် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အခြေခံကျောင်းအသီးသီး၌ ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ အမှတ် (၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်တို့ ပါဝင်ယှဉ်ပြိုင်ကြရာ စာစီစာကုံးပြိုင်ပွဲဝင် (၂၅) ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲဝင် (၁၃) ဦး၊ ဆောင်းပါးပြိုင်ပွဲဝင် (၂) ဦး၊ စုစုပေါင်း (၄၀) ဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အမှတ် (၂၁) အခြေခံပညာအထက်တန်းကျောင်းမှ စာစီစာကုံးပြိုင်ပွဲဝင်(၅၀)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲဝင် (၅၀) ဦးနှင့် ပန်းချီပြိုင်ပွဲဝင် (၅၀) ဦး၊ စုစုပေါင်း (၁၅၀) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)