ကန်ကြီး‌ထောင့်မြို့နယ်၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကန်ကြီးထောင့် ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ကန်ကြီးထောင့်မြို့၊ ဒါးကကျေးရွာအုပ်စု၊ ဒါးကကျေးရွာရှိ ပညာပါရမီစာကြည့်တိုက်တွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ပန်းခင်းစီမံချက်(၃)ကွင်းဆင်း ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကန်ကြီးထောင့်မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ရုံး ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအုပ်စုနေ ပြည်သူများတွင် နိုင်မရှိသူများ တစ်ဦးချင်းအလိုက် အကွက်အပေါက်များစိစစ်ခြင်း၊ မြေပြင်ကွင်းဆင်းကောက်ယူခြင်းမှ အထစများစိစစ်၍ လုပ်ထုံးလုပ်နည်းများနှင်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ပြုလုပ်ပေးခဲ့ပြီးနိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် မပျောက်ပျက်အောင် ထိန်းသိမ်းရမည့်နည်းလမ်းများကို အသိပညာပေးပြောကြားခဲ့သည်။

အဆိုပါပန်းခင်းစီမံချက်(၃)ကွင်းဆင်းဆောင်ရွက်နေမှုများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္ဒာမြင့်က လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)