ရွာငံမြို့နယ်တွင် အိမ်တွင်းမှု သက်မွေးလုပ်ငန်း စက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

ရွာငံ ဇူလိုင် ၈

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့၊ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းမှ အိမ်တွင်းမှုပညာရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်ကာ အမျိုးသား/အမျိုးသမီးများ မိသားစုအိမ်တွင်း တစ်နိုင်စီးပွား ပြုနိုင်ရန်ရည်ရွယ်ပြီး အိမ်တွင်းမှုသက်မွေးပညာရပ်များ တက်မြောက်စေရန်အလို့ငှာ စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

စက်ချုပ်သင်တန်းတွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးဖြူက သင်တန်းဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်သည်များ၊ အခြေခံသင်တန်းမှစ၍ အဆင့်မြင့်သင်တန်း၊ အထူးသင်တန်း၊ ဒီဇိုင်းပညာသင်တန်း ကျွမ်းကျင်အဆင့်အထိ တက်ရောက်ကြရန်များကို ရှင်းလင်းပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ ထို့နောက် သင်တန်းတွင် ထူးချွန်သင်တန်းသားအား အပ်ချုပ်စက်တစ်လုံး ပေးအပ်ချီးမြှင့်ခဲ့သည်။​ သင်တန်းတွင် သုံးလွှာစကပ်၊ လေးလွှာစကပ်၊ ချိတ်ထမီ၊ ဘောင်းဘီရှည်၊ ရင်စေ့လည်ဝိုင်း၊ နောက်ကွဲဇစ်ပျောက်၊ ရင်ဖုံး၊ သင်္ဘောသားအင်္ကျီများကို ဘာသာရပ်ရှစ်မျိုးဖြင့် လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။

ရွာငံ (ပြန်/ဆက်)