နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ၌ ဘက်စုံသုံးစိုက်ခင်း (၂၂) ဧကနှင့် ကျေးရွာထင်းစိုက်ခင်း (၂၀) ဧက သစ်ပင်များ စိုက်ပျိုးပြီးစီး

နတ်မောက် ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၄ခုနှစ် မိုးရာသီ ဘက်စုံသုံးစိုက်ခင်း (၂၂) ဧကနှင့် ကျေးရွာထင်းစိုက်ခင်း (၂၀) ဧကတွင် သစ်ပင်များ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၄-ခုနှစ် မိုးရာသီ၌ မြို့နယ်သစ်တောဦးစီးဌာနက (၁၃) ခရိုင် စိမ်းလန်းစိုပြည်စေရေးစီမံချက်အရ ရေယို၊ တံခွန်တိုင်၊ ဘုန်းတော်ပြည်၊ ဘူတာ၊ န/ကျားထူး၊ သာယာအေး၊ သားမျှား၊ ဂွေးကုန်း၊ ချောင်းနက်၊ ကျောင်းကုန်းကျေးရွာနှင့် ကွင်းကြီးကျေးရွာများတွင် ဘက်စုံသုံးစိုက်ခင်းအနေဖြင့် တစ်ရွာလျှင် (၂) ဧက စုစုပေါင်း (၂၂) ဧကအား တမာပင်များစိုက်ပျိုးခဲ့သည်။ ဆက်လက်ပြီး ဒေသခံပြည်သူများ ထင်း၊ မျော၊ အိမ်တိုင်နှင့် တောင်သူသုံးပစ္စည်းများရရှိသုံးစွဲနိုင်ရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးရွာထင်းစိုက်ခင်း (၂၀) ဧကတွင် ယူကလစ်၊ ကုက္ကိုပင်၊ ဖျောက်ဆိပ်ပင်၊ ရှားပင်နှင့် တမာပင်များ စိုက်ပျိုးပြီးစီးပြီဖြစ်ရာ စိုက်ပျိုးပြီး သစ်ပင်များ ရှင်သန်ဖြစ်ထွန်းရေးအတွက် မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ကျဝန်ထမ်းများနှင့် ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်သစ်တော ဦးစီး ဌာနမှူး ဦးဇော်မင်းထံမှ သိရသည်။

လှဝင်း