သဲကုန်း သြဂုတ် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့် တံတားများကို ဘဏ္ဍာနှစ်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းကို သဲကုန်းမြို့နယ်၊ ရပ်ကွက်(၁)၊ ပြင်ဦးလွင်လမ်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းအား မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့မှရန်ပုံငွေကျပ် (၃၄၉၀၀၀၀၀) သိန်း အကုန်အကျခံကာ အရှည် ၇၁၅ ပေ၊ အကျယ် ၁၀ ပေ၊ ထုထည် ၈ လက်မဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပြီး စံချိန်၊ စံညွှန်းပြည့်မီရေး၊ အရည်အသွေးများနှင့် ကိုက်ညီကောင်းမွန်စေရေး၊ သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်ပြီးစီးဆောင်ရွက်နိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များအတွင်း ကွန်ကရစ်လမ်းများ၊ ကွန်ကရစ်တံတားများဆောင်ရွက်ပေးသည့်အတွက် ဒေသခံပြည်သူများ ကျောင်းသား၊ လူငယ်များနှင့် စျေးရောင်းစျေးဝယ်ကုန်သည်များ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများတွင် လွယ်ကူလျင်မြန်စွာ အခက်အခဲမရှိသွားလာနိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)