ကန်ကြီးထောင့်မြို့နယ်တွင် တတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ တိုင်းဒေသကြီးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှကြီးမှူး၍ တတိယအကြိမ်မြောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအား ယနေ့နံနက်(၈)နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ ဘဲဂရက်ဓါတ်အားခွဲရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ ဦးကြီးဇေယျ၊ ဒုတိယတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်းမင်းထွေး၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးခင်ဇော်၊ လက်ထောက်ညွှန်ကြားရေးမှူး(စီမံ) ဦးကျော်ကျော်ဘို၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းဦးပိုင်နှင့်တိုင်းဒေသကြီးရုံး/ခရိုင်ရုံး/ မြို့နယ်ရုံးရှိ ဝန်ထမ်းများက ပိန္နဲပင်(၁၅)ပင်နှင့် သရက်ပင် (၁၅)ပင်တို့အား ပျော်ရွင်စွာစုပေါင်းပါဝင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)