သတင်းများ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းအရှေ့(အလယ်ပိုင်း)ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးဆောင်ရွက်
Aug 17,2024
နိုင်ငံတော်နှင့်ပြည်သူများ၏စီးပွားရေး၊ လူမှုရေးများ စဉ်ဆက်မပြတ်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်စေရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် ယမန်နေ့နံနက်(၁၀)နာရီက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်များနှင့် တာဝန်ရှိသူတို့သည် လွိုင်လင်မြို့နယ်၊ လွိုင်လင်-ကွတ်ချိုး-ဟိုနမ့်-ဝမ်ပိန်း ၁၁/၀ မိုင်အနက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေဖြင့် ၀/၄ မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးမှ လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ ကတ္တရာခင်းမည့်လမ်း ကျောက်ခင်းနေမှုကို ကြည့်ရှစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဗန်းမော်မြို့တက္ကသိုလ်ပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 17,2024
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဖလား အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်ပြည်သူ့အားကစားပြိုင်ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးစာပေဟောပြောပွဲ အခမ်းအနားကျင်းပ
Aug 17,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာပေဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ဟိုပုံးမြို့နယ်၊ အမှတ်(၅)အခြေခံပညာမူလတန်း‌ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Aug 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပစေရေး၊ စိမ်းလန်းစိုပြည်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက် ၈ နာရီ အချိန်က အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြုဘာသာရပ်ပေါင်းစုံ သွေးလှူဒါန်းပွဲကျင်းပ
Aug 17,2024
“သင့်သွေးဖြင့် အသက်ကယ်ပါ” ဆောင်ပုဒ်နှင့်အညီ လူ့အသက်များကို ကယ်တင်နိုင်ရန်အတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တောင်ကြီးတက္ကသိုလ်၊ တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အထူးပြု ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ၏ သွေးလှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက တောင်ကြီးတက္ကသိုလ်၊ ကျိုင်းတုံခန်းမ၌ ကျင်းပသည်။
မိုင်းနောင်(အ.ထ.က)ကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသခြင်းများ ဆောင်ရွက်
Aug 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျွန်းစုမြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးပေး
Aug 17,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ မြို့ပေါ်ရပ်ကွက်များအတွင်း ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်‌ချဆေးပေါင်း တိုက်ကျွေးပေးခြင်းကို ယမန်နေ့ မနက်ပိုင်းက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်၌ ‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူးတွင် စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 17,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသော စာဖတ်ရှိန်မြှင့်မားရေး အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။