သတင်းများ

မောက်မယ်မြို့နယ် မွေတော်အ.မ.က၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 15,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မွေတော်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
နတ်တလင်းမြို့၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေး
Jan 15,2025
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယမန်နေ့က နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု
Jan 15,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ဒဂုံမြို့နယ် ဗဟိုသားဖွားသင်တန်းကျောင်းတွင် ဘက်စုံသားဖွားဆရာမသစ်လွင်ရာထူးတာ၀န် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jan 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အနောက်ရပ်ကွက်၊ ဗဟိုသားဖွားသင်တန်းကျောင်းတွင် အပတ်စဉ် (၁၆၅)၊ န၀မအကြိမ်မြောက် ဘက်စုံသားဖွား ဆရာမသစ်လွင်ရာထူး တာ၀န်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။
အင်းစိန်မြို့နယ်၊ အ.လ.က(၉)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ
Jan 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အမှတ်(၉)အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရန်အတွက် ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်
Jan 15,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများကို ယမန်နေ့ညပိုင်းက ပျဉ်းမနား-တောင်ညိုလမ်း၊ ဇီဇဝါပန်းအဝိုင်းအနီးတွင် ဆောင်ရွက်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် လုပ်ငန်းခွင်ထိခိုက်မှုကြောင့် အကျိုးခံစားခွင့် (ငွေလုံး၊ ငွေရင်း) ထုတ်ပေးခြင်းအခမ်းအနားကျင်းပ
Jan 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော လှမျိုးအောင်ပလတ်စတစ်လုပ်ငန်းမှ အာမခံအလုပ်သမား ဦးကျော်ကျော်အောင်၏ အလုပ်တွင် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် လုပ်အားဆုံးရှုံးမှု (၆၀%) အတွက် အမြဲတမ်းမသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်း ၆၃၅၀၄၀၀/-နှင့်ARK Premium Solution Co.,Ltd မှ အာမခံအလုပ်သမား ဦးရဲလတ်ဟိန်၏ ဆေးဖိုးပြန်အမ်းငွေ ၂၂၆၄၀၄၀/- အား ထုတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့ မနက် ၁၂ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပခဲ့ပါသည်။
မင်းလှမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနား ကျင်းပ
Jan 15,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့သည်။