နတ်တလင်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ယမန်နေ့က နတ်တလင်းခရိုင်၊ နတ်တလင်းမြို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာ၊ တာပွန်-နတ်တလင်း ကားလမ်းဘေးရှိ ကွင်းအမှတ် ၂၁၀၊ လယ်ပိုင်ရှင် ဦးဝင်းသိန်းပါ(၂၄)ဦး စိုက်ပျိုးထားသည့် TBL-9 မတ်ပဲစိုက်ခင်း ဧက(၁ဝဝ) စံပြကွက်စိုက်ပျိုးထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မြင့်ထွေးမှ TBL-9 မတ်ပဲစိုက်ပျိုးထားရှိမှုနှင့် အထွက်တိုးနှုန်း ရရှိမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီးဝန်ကြီးချုပ်မှ လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာမရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အေးငြိမ်းသာမြို့သစ် (အာရုံဈေး) ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအေးကျော်မှ ဆောက်လုပ်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ ဈေးပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေး ကောင်းမွန်အောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)