ဇမ္ဗူသီရိ ဇန်နဝါရီ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာရန်အတွက် ရှောင်တစ်ခင် စစ်ဆေးခြင်းများကို ယမန်နေ့ညပိုင်းက ပျဉ်းမနား-တောင်ညိုလမ်း၊ ဇီဇဝါပန်းအဝိုင်းအနီးတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဇမ္ဗူသီရိမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့တို့က နေပြည်တော်အတွင်း ဖြတ်သန်းမောင်းနှင်လျက်ရှိသော ကားအစီးရေ ၈၅ စီးနှင့် ဆိုင်ကယ် ၆၅ စီးတို့အား Quick Win အစီအမံ ငါးရပ် အပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှုရှိ/မရှိ ရှောင်တခင်စစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ချက်နှင့် စည်းကမ်း မလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်နှင့် ကိုက်ညီသည့် အရေးယူမှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)