သတင်းများ

ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှု့သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ အခြေခံမူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့်ဆိုင်ခန်းများဆောက်လုပ်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 15,2025
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် သမဝါယမအသင်းစုနှင့် ဝင်းဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း၍ အဆင့်မြင့်လူနေတိုက်ခန်းနှင့် ဆိုင်ခန်းများဆောက်လုပ်ခြင်းနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်သည် အသင်းမှတာဝန်ရှိသူများနှင့် မွန်ပြည်နယ်သမဝါယမဦးစီးဌာနတွင် ယနေ့နံနက်ပိုင်းက ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု ဆီထွက်သီးနှံ(နေကြာ)စံပြကွက် စိုက်ပျိုးပွဲတက်ရောက်
Jan 15,2025
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ မရမ်းချောင်းကျေးရွာအုပ်စု မရမ်းချောင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ဆီထွက်သီးနှံ(နေကြာ)စံပြကွက်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခန္တီးမြို့တွင် (၃၅)နှစ်မြောက် ကျောက်စိမ်းရတု နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပ
Jan 15,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် (၃၅)နှစ်မြောက် ကျောက်စိမ်းရတု နာဂရိုးရာနှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့နံနက်(၉)နာရီအချိန်က ဇီးဖြူကုန်းရပ်ကွက်ရှိ နာဂရိုးရာကွင်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် ပြည်သူများတက်ရောက်ခဲ့သည်။
မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (ပထမအကြိမ်) လေလံတင်ရောင်းချ
Jan 15,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ (ပထမအကြိမ်) လေလံတင်ရောင်းချခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်ခဲ့သည်။
တွံတေးမြို့နယ် နွေစပါးလျာထားချက်ဧက(၄၂၈၀၄)တွင် ဧက(၃၂၈၅၆)ကျော်စိုက်ပျိုးပြီးစီး
Jan 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်နွေစပါးစိုက်ပျိုးမှုလျာထားချက် ပြည့်မီကျော်လွန်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရန် စိုက်ဧက(၈၁၃၃၅)ဧက လျာထားဆောင်ရွက်ခဲ့ပြီး နွေစပါးကိုစိုက်ပျိုးဧက(၄၂၈၀၄)ဧက လျာထားဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒလမြို့နယ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ဒလမြို့နယ် ရခိုင်ချောင်(မြောက်)ကျေးရွာအုပ်စုရှိ အ.ထ.က (ရခိုင်ချောင်) သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Jan 15,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၄) အခြေခံပညာအထက်တန်း ကျောင်းစပယ်ခန်းမတွင် ယနေ့မွန်းလွဲ(၁)နာရီက ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ဂေဟစနစ်များ လျော့နည်းပပျောက်စေရေး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာတို့ ပူးပေါင်းပြီး လူငယ်များနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် နံရံကပ်စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။